CATs Step ဟာ အရွယ်မျိုးစုံ၊ စွမ်းရည်မျိုးစုံရှိတဲ့ လေ့လာသူတွေအတွက် နိုင်ငံတကာ အသိအမှတ်ပြုထားသော Common European Framework of Reference (CEFR) နဲ့ ညီညွတ်ပြီး ရယူအောင်မြင်လွယ်တဲ့ အဆင့်တွေနဲ့ သူတို့ရဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို တိုးတက်စေတဲ့စနစ် ဖြစ်ပါတယ်။
CATs Step ဟာ စနစ်တကျ စုစည်းထားပြီး အသုံးပြုရလွယ်တဲ့ပုံစံ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း၊ tablet, iPad, Chromebook, PC နဲ့ Mac တွေမှာ အသုံးပြုနိုင်ပါတယ်။
CATs Step စနစ်ဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ နိုင်ငံတကာ အသိအမှတ်ပြုထားပြီးဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ အသိအမှတ်ပြုမှုကိုပေးတဲ့ ရိုးရှင်းပြီး ကုန်ကျမှုအရ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
CATs Step က မူလတန်းနဲ့ အလယ်တန်းကလေးတွေကို အထောက်အကူပြုပါတယ်။ အင်္ဂလိပ်စာနဲ့ ပတ်သတ်လို့ အကူအညီပိုလိုတဲ့ ကလေးတွေ စိန်ခေါ်မှုတစ်ခုဖြစ်နေတဲ့ ထူးချွန်တဲ့ သင်တန်းသာတွေ အပါအဝင် ကလေးအားလုံးအတွက် ကျောင်းစာကို အားဖြည့်ပြီး သင့်တော်တဲ့ level အတွက် အပိုတွန်းအားပေးနိုင်တဲ့ အစီအစဥ် တစ်ခု ဖြစ်ပါတယ်။
CATs Step Core သင်ခန်းစာတွေဟာ အခုမှ စတင် သင်ယူမယ့်သူဖြစ်စေ၊ အင်္ဂလိပ်စာ သင်ယူဖူးတဲ့ သူတွေ ဖြစ်စေ သင့်တော်ပါတယ်။ CATs Step Higher သင်ခန်းစာတွေကတော့ လေ့လာသူတွေကို တစ်ဖက်က သူတို့ရဲ့ ဘာသာစကားစွမ်းရည်တိုးတက်အောင် လုပ်ပေးစဥ်မှာ အင်္ဂလိပ်စကားအသုံးပြုတဲ့ နိုင်ငံတွေရဲ့ ယဥ်ကျေးမှုကဏ္ဍတွေနဲ့ သူတို့ကို ယဥ်ပါးလာစေမှာ ဖြစ်ပါတယ်။ CATs Step Higher ဟာ အဆင့်မြင့် ပညာသင်နေတဲ့ ကျောင်းသားတွေ၊ အင်္ဂလိပ်စာဘာသာစကား ပိုပြီးလိုအပ်တဲ့ အလုပ်သမားတွေအတွက် အထူးပင် သင့်တော်ပါတယ်။
အတန်းပညာ တက်ရောက်သင်ကြားမှုမရှိတော့တဲ့ သင်တန်းသားတွေရဲ့ အင်္ဂလိပ်စာစွမ်းရည် တိုးတက်မှုဟာ သူတို့ရဲ့ အလုပ်အကိုင် တိုးတက်ပြီး ဝင်ငွေ အလားအလာ ပိုကောင်းစေနိုင်ပါတယ်။
ကိုယ့်ကလေးတွေရဲ့ အင်္ဂလိပ်စာစွမ်းရည် တိုးတက်ရေးမှာ ပါဝင်ကူညီလိုတဲ့ မိဘတွေကို CATs Step စနစ်က လမ်းညွှန်မှတ်စုနဲ့ ထပ်ဆောင်းလေ့ကျင့်ခန်းသင်ခန်းစာတွေ ပေးထားပါတယ်။
CATs Step ဟာ အလုပ်ရှင်တွေအတွက် သူတို့ လုပ်သားအင်အားစုမှာ အင်္ဂလိပ်စာစွမ်းရည် တိုးတက်ရေး၊ စီးပွားရေး အခွင့်အလမ်းသစ်တွေ ရယူရေးနှင့် global စီးပွားရေးမှာ ပိုမိုထိရောက်စွာ ပါဝင်နိုင်ရေးတို့ကို ပိုမို လွယ်ကူစေပါတယ်။
မိမိ အင်္ဂလိပ်စာစွမ်းရည်ကို အောင်မြင်တိုးတက်စေဖို့ မည်သူမဆို CATs programme ကို လေ့လာသင်ယူနိုင်ပါတယ်။ CATs ဟာ အခုမှ အင်္ဂလိပ်စာကို စတင် သင်ယူမယ့်သူဖြစ်စေ၊ အင်္ဂလိပ်စာ သင်ယူဖူးတဲ့ သူတွေ ဖြစ်စေ သင့်တော်တဲ့ programme ဖြစ်ပါတယ်။
CATs Step ဟာ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ဖို့ စိန်ခေါ်မှုအတွက် ရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
CATs Step ကို နည်းပညာ၊ သိပ္ပံနဲ့ ပညာရေးဆိုင်ရာ တီထွင်မှုတွေအတွက် ကျော်ကြားတဲ့ UK နိုင်ငံ Cambridge မြို့မှာ၊ ကမ္ဘာတစ်လွှား ထိပ်တန်း ပညာရေးအဖွဲ့အစည်းတွေအတွက် အရည်အသွေးမြင့် သင်ခန်းစာတွေ ထုတ်လုပ်ပေးတဲ့နေရာမှာ နာမည်ကျော်ကြားတဲ့ မှတ်တမ်းတွေရှိထားတဲ့ အင်္ဂလိပ်စာ သင်ကြားရေးနှင့် အကဲဖြတ်ရေး ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်သူ အုပ်စုတစ်ခုက ပြုစုထားတာဖြစ်ပါတယ်။
သင်ကြားမှုပစ္စည်းအားလုံးကို Common European Framework of Reference (CEFR) နှင့် အညီ ချိန်ညှိပြုစုထားပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့ အာမခံအရည်အသွေးမီတဲ့ သင်ခန်းစာတွေ ဖြစ်ပါတယ်။
CATs Step ဟာ ဘာသာစကားသင်ယူရာမှာ ရယူအောင်မြင်လွယ်တဲ့ အဆင့်တွေအဖြစ် ခွဲထုတ်ပေးတယ်။ လွယ်ကူစွာ ကိုယ်တိုင်လေ့လာမှု နည်းလမ်းကြောင့် လေ့လာသူတွေဟာ ကိုယ်နဲ့ သင့်တော်တဲ့ ဘယ်အချိန် ဘယ်နေရာမှာမဆို သင်ယူနိုင်ကြတယ်။ လေ့လာသူတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု တိုးတက်ဖို့ လိုအပ်တဲ့ သင်ကြားရေး ပစ္စည်းတွေ လေ့ကျင့်ခန်းတွေ အားလုံးကို ပံ့ပိုးပေးထားပြီး level အဆုံး CATs Step စာမေးပွဲကို အောင်မြင်တဲ့အခါ ဒါကို အသိအမှတ်ပြုပေးမှာ ဖြစ်ပါတယ်။